မင်္ဂလာပါ.. အားလုံးကိုကြိုဆိုပါတယ်။

Saturday, 7 April 2012

html code နားမလည်ဘဲ Blog template တစ်ခုချင်းစီကို မိမိစိတ်ကြိုက်ပြောင်းနည်း

ကျွန်တော်ဒီနေ့ အလွယ်ဆုံးနည်းနဲ့ ဘလောက် template ကိုပြောင်းပုံပြောင်းနည်း လေးပြောပြပါ့မယ်.. ဒီနည်းလေးကို ကျွန်တော်ရေးရခြင်းရည်ရွယ်ချက်ကတော့ သူငယ်ချင်းတော်တော်များများဟာ ကို့ရဲ့ ဘလောက်လေးကို သူများဘလောက်တွေလို အရမ်းလှချင်ကြတယ်၊ ဒါပေမယ့် html အကြောင်း သိပ်ပြီးနားမလည်ကြတာကြောင့် သူများရေးထားပြီးသား blog template များကိုပဲ သုံးကြရတာကို ကျွန်တော်တွေ့မြင်နေရတာကြောင့်မို့လို့. အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလေးနဲ့ ဘလောက် template ပြောင်းနည်းကို တင်လိုက်ရတာဖြစ်ပါတယ်။ ဒီနည်းလေးဟာ အရမ်းကိုလွယ်တယ်ဆိုပေမယ့် ကိုလိုချင်တဲ့ ဘလောက်ပုံစံလေးကို စိတ်ကူးထဲကအတိုင်း ပုံဖော်ပြီး ပြန်ပြင်ဖို့အတွက် လုံလောက်တာကြောင့် ဖတ်သူ သူငယ်ချင်းများကြေနပ်အားရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော့်ဘလောက်လေးကိုလည်း အဲ့ဒီံနည်းလေးနဲ့ပဲ လုပ်ထားတာပါ။ ဘယ် blogger များမှ ဒီ template ပြောင်းနည်းလေးကို မရေးပေးသေးလို့ တင်လိုက်တာပါ။ သိပြီးသားဆိုရင်တော့ ကြိုပြီးတောင်းပန်ထားပါရစေ မသိသေးတဲ့သူများအတွက် ရည်စူးထား ပါကြောင်း၊ နှာခေါင်းမရှုံကြရန်ကိုပါ ထပ်လောင်းပြီးတော့ပြာထားပါရစေ။ ကဲပြောင်းနည်းလေးကို စလိုက်ကြရအောင်လားဗျာ.အရင်ဦးဆုံးကျွန်တော်တို့ စိတ်ကူးထဲကအတိုင်း ပြုပြင်ဖို့ အဆင်သင့်လုပ် ထားပြီးသား ဘလောက်ပုံစံလေးတွေကို လိုက်ရွေးပါ့မယ်။ အကောင်းဆုံး free ရမယ့် ဘလောက်လိပ်စာများကိုလဲ တစ်လက်စတည်းတင်ပေးလိုက်ပါတယ်။ ပထမဦးဆုံး adobe photoshop ကိုတော့ စာဖတ်သူရဲ့ PC မှာကြိုပြီးတော့ တင်ထားဖို့လိုပါတယ်...


မိမိလိုချင်တဲ့ template ပုံစံမျိုးကို အရင်ဦးဆုံး download လုပ်ပြီး တင်ထားလိုက်ပါ ... လိုချင်တဲ့ ပုံစံမျိုးဆိုတာက
(ဥပမာ - side bar နှစ်ခု ဘယ်တစ်ခုညာတစ်ခု (သို့) header အနေအထား ကောင်းမကောင်း စသည်ဖြင့်ပေါ့လေ .. နောက်ခံတွေ လှသည်ဖြစ်စေ
မလှသည်ဖြစ်စေ အရေးမကြီးပါဘူး .. အဓိကကတော့ သူပေးထားတဲ့ ပုံစံလေး
ကို ကြိုက်မကြိုက်ရွေးပြီး၊ ကြိုက်တာနဲ့ မိမိဖာသာ မိမိ ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ပုံစံကိုပဲ ရွေးပါ ... နောက်ခံက ကိုလိုချင်တဲ့ ပုံစံအမျိုးမျိုးနှင့်
ကျန်တာကို တစ်ခုချင်းစီ ပြုပြင်သွားပေးပါ့မယ် ... အားလုံးကတော့ ဒီနည်းအတိုင်း ပြုပြင်သွားလိုက်ပါ အကောင်းဆုံးဆိုတဲ့ ဘလောက်လေးတစ်ခု
ဖြစ်လာပါလိမ့်မယ် .. ကျွန်တော်ကိုယ်တိုင်တောင်မှ ပြန်ပြီး စိတ်ကြိုက်မပြင်နိုင်သေးဘူး .. အလုပ်တွေနဲ့ချည်းပဲ လုံးချာပတ်ချာလည်လိုက်နေတာနဲ့လေ ..
ကဲ ပထမဦးဆုံး ဘလောက်ဂ်တစ်ခုရဲ့ အရေးအကြီးဆုံး အလှအပနေရာမှာပါတဲ့ Header ကို အရင်ဦးဆုံး ပြင်လိုက်ကြည့်ရအောင်ဗျာ ...
ကဲ ဆော့ဖ်ဝဲလ်နဲ့ ရေလိုင်းပုံစံမျိုးလေးလုပ်တဲ့ software လေးကို ကိုသံလုံငယ်ဆီကနေ ရလာတာပါ ....
လင့်က ဒီမှာ ပါ ...
တင်ပုံတင်နည်းကတော့ ကျွန်တော် ပုံတွေနဲ့ ရှင်းလင်းပြထားပါ့မယ် .. တင်စရာတွေတော့ အများကြီးရှိပါတယ် ...
တစ်ဖြည်းဖြည်းချင်းစီတင်သွားပါ့မယ်...

ပထမဦးစွာ မိမိရေးထားပြီးသား blog template တစ်ခုကို တင်လိုက်ပါ ... တင်ပြီးပြီဆိုရင်တော့ တင်ထားပြီးသားပုံကို ပြန်ကြည့်လိုက်ပါ ..
ကိုမကြိုက်တဲ့ နေရာတွေကို တစ်နေရာချင်းစီလိုက်မှတ်ထားပါ .. ဘယ်နေရာမှာလဲဆိုတာမျိုးပေါ့ .. ဥပမာ - header လေးကို ပြန်ပြင်ချင်
တာလား .. ဒါမှမဟုတ်ရင် Menu Bar ကိုလား .. ဒါမှမဟုတ်၊ Background ပုံစံကိုပြောင်းမှာလား၊ ဒါမှမဟုတ် Side Bar ပုံစံလေးကိုလား ..
အစရှိသဖြင့်ပေါ့လေ .. ကိုပြောင်းချင်တာတွေကို အရင်ဦးဆုံး ကြည့်လိုက်ပါ ..ပြီးရင် ပုံမှာပြထားသလို ဆက်သွားလိုက်ကြရအောင် ...
ကျွန်တော် အရင်ဦးဆုံး header ပြောင်းပုံပြောင်းနည်းလေးကို လုပ်ပြပါ့မယ် .. နောက်ရက်အားတာနဲ့ တစ်ခြားကဏ္ဍတွေကိုပါ
ဆက်လက်ပြီး ပို့စ်တင်သွားပေးပါ့မယ် .. တစ်ခုကို နားလည်သွားရင်တော့
နောက်တစ်ခု လုပ်ရဖို့ လွယ်ကူသွားပါပြီ ....
Image Hosted by ImageShack.us

အခုပထမဦးဆုံး ကျွန်တော် template တစ်ခုကို ယူပြီး တင်လိုက်ပြီပေါ့ဗျာ .. အခုမြင်နေရဲ့ template လေးမှာ header ပိုင်းလေးကို မကြိုက်ဖူးဗျာ .. အဲ့တော့ change ကြည့်လိုက်ကြရအောင် ..